ငါ နဲ့ နင် နဲ့ သူတို့ နဲ့ .....မျိုးချစ်မြန်မာ
ငါ နဲ့ မတူ ငါ့ ရန်သူ နင် နဲ့ မတူ နင့် ရန်သူငါ နဲ့ နင် နဲ့ လဲ မတူ ငါ့ ရန်သူ နဲ့ နင့် ရန်သူ သူတို့ ကျတော့ အတူတူ။...
၂၁ ရာစုတွင် ကိုရွှေအမေရိက ကို ရှာဖွေတွေ့ရှိခြင်း......ကမာပုလဲ
၁၅ ရာစုနှစ်ရဲ့ နှောင်းပိုင်းကာလ ခရစ်စတိုဖါ ကိုလံဘတ် ဆိုတဲ့ အီတလီနိုင်ငံဖွား နယ်ချဲ့ ကိုလိုနီသမားကြီးဟာ အမေရိကကို စတင်တွေ့ရှိခဲ့တယ် အဲဒီကနေ စလို့ပေါ့ ….။ နောက်တော့ …. အမေရိကကို အင်္ဂလိပ် မြေရှင်ကြီးတွေ ရောက်လာတယ် (အမှန်က ထွက်ပြေးလာကြတာ) လူကို...
တော်လှန်သော ကဗျာဆရာ ( သို့ မ ဟု တ် ) အကြွေစောဖို့ မနှမျောခဲ့သူ......စိုးနေလင်း
ငြိမ်းလူ … ခင်ဗျားနဲ့ ကျနော့်ကြားမှာ နယ်စည်းမခြား မျဉ်းကြောင်းပါးပါးလေးတောင် မရှိခဲ့ကြဘူး။ ကဗျာရေးသူနဲ့ ကဗျာရေးသူ ကဗျာရေးသူနဲ့ အယ်ဒီတာ အနုပညာချစ်သူနဲ့ အနုပညာချစ်သူ တထပ်တည်းတူညီတာက အာဏာရှင်စနစ်တိုက်ဖျက်ရေး ဘဝကို ပေးဆပ်ခဲ့ကြသူချင်း ပန်းခင်းကို မြင်းစီးလျှောက်ကြည့်သူများမဟုတ်။ ချုံပုတ်ပေါ် စိုင်ကော်လို့ ရောက်ခဲ့သူများ ဗဟိုခွာအားပြင်းပြင်းနဲ့...
“နှစ် (၆၀) ထဲက မသေတဲ့လူသား”.......ကြခတ် (ရင်း-၈)
လေးဘက်လုံထဲ ပုန်ကန်ရဲသူတွေနဲ့ ကျောကိုကျောကပ် အိပ်တတ်ခဲ့ပြီး မျှစ်ချိုး၊ မှိုရှာ (တရားမျှတမှု အတွက်) ကျွန်းဝဲ ဖြစ်သွားရှာသူတွေနဲ့ ရင်ကို ရင်ချင်း အပ်နှင်းခဲ့တယ်။ စစ်ရဲ့ အဓမ္မထွက်ကုန်တွေကို အော့နှလုံးနာတတ်ပြီး (ရ၄) မှာရင်ခုန် (၈၈) မှာမေတ္တာသင်းထုံခဲ့သူ ဖြစ်တယ်။ ယ္ခု...ထိ.. ဓါးသွားထက်တုန်း...
“မှန်ပြင်ထဲကအမှုန်တခုရဲ့အဇ္ဇတ္တ”........စိုးနေလင်း
ပင့်သက်ပြင်းတွေဟာ လေပြေလေညှင်းမဟုတ် ရုပ်ကိုစောင့်သောအဟာရရဲ့ သြဇာမှာ မြေဆီလွှာတို့ပျက်စီး အလျှံညီးညီးမီးတောက်တွေကိုမျိုချ တချို့ ဆေးစက်ကျရာ အရုပ်ဖြစ် တချို့ကွက်ကျားမိုးပြင်းလိုက်လို့ရွာ ဗဟိုခွာအားသာ တိုးများလာရာမှ…။ ဟောဒီက မြစ်ကျဉ်းတို့တိမ်ကော ပန်းခင်း ရေမြေ တောတောင် ရှုခင်း အပူရောင်ထင်းထင်းစူးရဲ မျှော့နက်မည်းတို့ တိုးများလာဆဲခဏ။ တခါ တခါ…...
“မယုံ ပုံပြင်မှတ်လို့မရတဲ့ ကဗျာ”......မင်းဝင့်သူ
အံ့အားသင့်စရာကောင်းပုံက ကမ်းနားသစ်ပင်တို့ရဲ့ကိုင်းညွှတ်ချက် အလွတ်ကျက်ထားသလို တတွတ်တွတ် အပေါ့စားဂုဏ်သိက္ခာစွပ် ပါးစပ်ဖျားက ငါးမျှားချိတ်တန်းလန်းကျနေကြပုံ။ ယုန်ရုပ်ရေးပြနေစရာမလို နံရံကိုခေါင်းနဲ့တိုက်သလိုဖြစ်မှာပ တဲ့ ပဲ့ကျသွားတဲ့ဦးခေါင်းနေရာမှာ အစာအိမ်တွေကိုအစားထိုးပစ်လိုက်ကြ ကကြိုးရှုပ်တဲ့ရုပ်သေးရုပ်များပေ။ ကြည့်လေလေရာမှာတော့ အခါခါသေဆုံးနေသူတွေက ပျဉ်ဖိုးသာ ကုန်းရုန်းရှာနေကြ ရဲ့။ ။ ...
ကြောင်...မေငြိမ်း
ကိုယ့်ချောင်ထောင့်ကွေးလေးထဲ မီးအိမ်လေးထွန်းပေးမလို့..တဲ့…။ ဒါပေမဲ့ မိုးလေကြမ်းလွန်း.. မီးဇာကုန် ဆီခမ်းလွန်း… တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။ ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ.. ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။ ကျမကတော့ အမှောင်ကြောက်သူ..။ ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ.. လက်သည်းချွန်မြတွေကိုတော့ မသိမသာ ကုပ်သွေးထားမိပါတယ်.....
ရန်....(အောင်ဝေး)
“ ရန် ... ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ သွေးကြွေးမှာ ဆွေးနွေးစရာ အကြောင်းမရှိ .... ” (အောင်ဝေး) ...
အောင်လံကိုင်ဘယ်သူလဲ ....... (တင်မိုး )
ရန်သူရဲ့ သေနတ်ပြောင်းဝက တစက်စက်ကျတဲ့ သွေး ငါတို့တတွေရဲ့ သွေး ဘယ်တော့မှ မတိတ်တဲ့ သွေး အရေးတော်ပုံ သွေး။ သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ ...
ညီမောင် စစ်သည်သို့...(အောင်ဝေး)
ညီမောင် စစ်သည်ရေ ... တကယ်လို့မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် - မင်း စိတ်ထဲမှာ မင်း ရင်ထဲမှာ မင်း နှလုံးသားထဲမှာ စစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ်တော့ဘူး။ တကယ်လို့ ညီလေးဟာ မျိုးးချစ်ရဲဘော်တဦး ဖြစ်မယ်ဆိုရင် - စစ်သားတယောက်ဟာ ကျောင်းသားတယောက်...
မီးလျှံထဲက ကြာ..................... (ဟံသာဝတီ ဦးဝင်းတင်)
ရဲ - ဇွဲ - ဉာဏ် - စည်း - တာ မကြောက်တရား တေးကဗျာ မီးလျှံထဲက ကြာ . .. .. .. .. .. .. .. (ဟံသာဝတီ ဦးဝင်းတင်)...
ဘေဘီနီလာသိန်းဧချင်း (အောင်ဝေး )
ဧလည်းတည့် ယဉ်ဧဧ မငိုပါနဲ့ သမီးကလေး ... လေးလအရွယ်၊ သမီးငယ်သည် ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍ မိခင့်နို့နှင့် ဝေးရသနည်း။ သမီးအရွယ်၊ လေးလငယ်သည် ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍ ဖခင့်ရင်နှင့် ဝေးရသနည်း။ ဧလည်းတည့် ယဉ်ဧဧ မငိုပါနဲ့ သမီးကလေး ... နို့မဝ၍...
မက်စရာအိပ်မက်လည်းမရှိဘူး (မင်းကိုနိုင်)
ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ် နောက်ကျနေပြီ အသိကညှင်း ဘိန်းစားဘိန်းပြတ်သလို ကဗျာငတ်ခဲ့ပါတယ် စာငတ်ခဲ့ပါတယ် အမြတ်တနိုးနဲ့ မစားရက် မသောက်ရက်ခဲ့သမျှ လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ ဒဏချိုချိုဘဝတိုတို သားရည်ယို ငေးကောင်းတုန်း ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို ဖျောက်ပြမှာကို သိနေလည်း ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။...
ရွှေဝါရောင် ဥဒါန်း (သစ်ကောင်းအိမ်)
သာသနာတော်တောင် သွေးစွန်းခဲ့ရ ဟော့ဒီ ကာလဟက်တက်ကြီးထဲ အလွမ်းကိုလည်း တကျွန်းပို့ထားရပေါ့ မောင့်ဂူစတီနာ။ မီးသဂြိုလ်စက်တလုံးလို ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ ပက်ပက်စက်လောင်ကျွမ်းကြ။ ဒါ နှင်းဆီရောင်အလှတရားလား.. စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား.. ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား..။ ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့.. ငါတို့...
ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )
နေပြင်းလျှင် နှင်းမှုန်လည်း စွေ့စွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း အခန်းကျဉ်ကျဉ်း အလင်းမဝင် .. လေမဝင် နေမမြင် .. လမမြင် လူမမြင် .. သူမမြင်မှာ...
မျှော် ( ရွှေဘုန်းလူ )
မြန်မာပြည် ငြိမ်းချမ်းပါစေ သွေးစတွေ စိုလူး အလံဦးမှာ ကိုယ့်အမည်ချိတ်လို့  ကြိုးစင်ရိပ်ဝယ် ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ ပိတ်မထားရသေးတဲ့ သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့ မေမေ မျက်ရည်ဝဲရော့မယ်။ ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့ လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ မှုန်ဝါးပြာဝေ...
Recent Comments