“မှန်ပြင်ထဲကအမှုန်တခုရဲ့အဇ္ဇတ္တ”........စိုးနေလင်း
ပင့်သက်ပြင်းတွေဟာ
လေပြေလေညှင်းမဟုတ်
ရုပ်ကိုစောင့်သောအဟာရရဲ့ သြဇာမှာ
မြေဆီလွှာတို့ပျက်စီး
အလျှံညီးညီးမီးတောက်တွေကိုမျိုချ
တချို့ ဆေးစက်ကျရာ အရုပ်ဖြစ်
တချို့ကွက်ကျားမိုးပြင်းလိုက်လို့ရွာ
ဗဟိုခွာအားသာ တိုးများလာရာမှ…။
ဟောဒီက မြစ်ကျဉ်းတို့တိမ်ကော
ပန်းခင်း ရေမြေ တောတောင် ရှုခင်း
အပူရောင်ထင်းထင်းစူးရဲ
မျှော့နက်မည်းတို့ တိုးများလာဆဲခဏ။
တခါ တခါ…
နတ္ထိက ၀ါဒတွင်းနှုတ်ခမ်းနား
မှတ်မှားအာရုံ ချဉ်းကပ်
(ကိုယ့်ကိုယ်ကို)
သတိမပြတ် ကပ်နေရဆဲ ခဏ။ ။
Category: bcjpnof
0 comments