“မယုံ ပုံပြင်မှတ်လို့မရတဲ့ ကဗျာ”......မင်းဝင့်သူ
အံ့အားသင့်စရာကောင်းပုံက
ကမ်းနားသစ်ပင်တို့ရဲ့ကိုင်းညွှတ်ချက်
အလွတ်ကျက်ထားသလို တတွတ်တွတ်
အပေါ့စားဂုဏ်သိက္ခာစွပ် ပါးစပ်ဖျားက
ငါးမျှားချိတ်တန်းလန်းကျနေကြပုံ။
ယုန်ရုပ်ရေးပြနေစရာမလို
နံရံကိုခေါင်းနဲ့တိုက်သလိုဖြစ်မှာပ တဲ့
ပဲ့ကျသွားတဲ့ဦးခေါင်းနေရာမှာ
အစာအိမ်တွေကိုအစားထိုးပစ်လိုက်ကြ
ကကြိုးရှုပ်တဲ့ရုပ်သေးရုပ်များပေ။
ကြည့်လေလေရာမှာတော့
အခါခါသေဆုံးနေသူတွေက
ပျဉ်ဖိုးသာ ကုန်းရုန်းရှာနေကြ ရဲ့။ ။
Category: bcjpnof
0 comments